မရမ်းကုန်း မတ် ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ်(၈)ရပ်ကွက်၊ ဂန္ဓမာလမ်းရှိ မီဘေးသင့်အိမ်ထောင်စု(၂)စုအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းဌာနချုပ်က ထောက်ပံ့လှူဒါန်းသည့်ပစ္စည်းများကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ မြို့နယ်တပ်ဖွဲမှူး ဦးမောင်မောင်မြင့်နှင့်အဖွဲ့ဝင်များက သွားရောက်ပေးအပ်ခဲ့ကြသည်။
လှူဒါန်းပစ္စည်းများမှာ Family Kit( ၂) ပုံး ၊ Hygiene kit (၂)ပုံး ၊ Dignity Kit (၂) အိတ်၊ Shelter Tool Kit (၂)စုံ နှင့် kitchen set (၂)စုံတို့ဖြစ်ပြီး အဆိုပါအိမ်ထောင်စု (၂) ခုမှာ မတ်လ ၁၇ ရက်နေ့က နေအိမ်ဘုရားစင်တွင် ကပ်လှူထားသည့် ဘုရားရောင်တော်ဖွင့် LED မီးသီး အပူလွန်ကဲရာမှ မီးဘေးသင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အေးအေးအောင်(ပြန်/ဆက်)