(၇၈) နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကျင်းပ

ဝိုင်းမော် မတ် ၁၉

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ မဒိန်ကျေးရွာအုပ်စု၊ တန်ဘောင်ကျေးရွာတွင် (၇၈) နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် (ရွာတွင်းလမ်း) ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲကို ယမန်​နေ့ နံနက် (၈)နာရီက ဖွင့်လှစ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မင်းဦး၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးထင်လင်းထွန်း၊ အဖွဲ့ဝင် (၂) ဉီးကြည်ထွန်းနှင့် စည်ပင်သာယာရေးအဖွဲ့အမူဆောင်အရာရှိ ဦးဂျွန်ဆယ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ကွန်ကရစ်လမ်းသစ်အား ကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါလမ်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာ​ရေးနှစ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေ ကျပ်သန်း(၆၈.၇၃၆၄)ဖြင့် Faster Myanmar ကုမ္ပဏီက တာဝန်ယူဆောက်လုပ်ပြီး ကွန်ကရစ်လမ်းအရှည် (၈၇၀) ပေ၊ အကျယ် (၁၆) ပေ၊ ထုထည် (၈) ပေရှိပြီး၊ အဆိုပါရွာတွင်းလမ်း ဖွင့်လှစ်ခြင်းကြောင့် ‌လမ်းပန်းဆက်သွယ်ရေးအဆင်ပြေပြီး ခေတ်မှီဖွံ့ဖြိုး၍ စံပြကျေးရွာအဖြစ် ဆောင်ရွက်နိုင်ရန်ဖြစ်‌ကြောင်းနှင့် အခမ်းအနားသို့ ဌာနဆိုင်ရာအကြီးအကဲများနှင့် ရပ်မိရပ်ဖများ၊ ရွာသူရွာသားများတက်ရောက်ခဲ့သည်။

ဖြူစင်(ပြန်/ဆက်)