မြောက်ဦး မတ် ၁၉
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများအား နွေရာသီကျောင်းပိတ်ရက်များ၌ အခြေခံအလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် လူငယ်များ ဘက်စုံဖွံ့ဖြိုးရေးအတွက် အခြေခံအင်္ဂလိပ်စကားပြောသင်တန်းကို ယမန်နေ့ နေ့လယ် ၁၂ နာရီ အချိန်မှစတင်၍ ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်ရွှေမှ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များ ဘက်စုံဖွံ့ဖြိုးရေးအတွက် နွေရာသီကျောင်းပိတ်ရက်၌ အချိန်ကို အကျိုး ရှိစွာ အသုံးချတတ်စေရန်နှင့် အခြေခံအင်္ဂလိပ်စကားပြောသင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက် ကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ အခြေခံအင်္ဂလိပ်စကားပြောသင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်သံကျွမ်းကျင်-၃ ဦးဦးမောင်ဝင်းက သင်တန်းနည်းပြဆရာအဖြစ် သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး နွေရာသီကျောင်းပိတ်ရက်များတွင် အကျိုးရှိစေရန်အတွက် အလယ်တန်း၊ အထက်တန်းအဆင့်ရှိ ကျောင်းသူ/ကျောင်းသားများကို အခြေခံအင်္ဂလိပ်စကားပြောနည်းများ တတ်မြောက်ရေး သေသေချာချာ သင်ပြပေးသွားမည်ဖြစ်ကြောင်း သိရသည်၊၊
ထိုသင်တန်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးတင်ရွှေနှင့် ဝန်ထမ်းများက တက်ရောက်လာသော သင်တန်းသား/သူ (၃၅) ဦးတို့ကို စာအုပ်၊ ဘောပင်များ အခမဲ့ပေးဝေခဲ့သည်။ တစ်ရက်တွင် ၂ နာရီကြာ သင်ကြား၍ သင်တန်းကာလကိုလည်း မတ်လ ၁၈ ရက်နေ့မှ စတင်၍ တစ်လတိတိ အခမဲ့သင် ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြင့်စိုး၊ စိုးငြိမ်းနိုင် (ပြန်/ဆက်)