လယ်ဝေး မတ် ၁၉
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရုံး Community Centre တွင် လူငယ်များ ဗလငါးတန်နှင့် ပြည့်စုံစေရေး၊ နွေရာသီ ကျောင်းပိတ်ရက်များတွင် အချိန်ကို အကျိုးရှိစွာအသုံးချနိုင်စေရေးအတွက် မတ်လ ၁၇ ရက်နေ့က အခြေခံဂျူဒိုသင်တန်း စတင်ဖွင့်လှစ် သင်ကြားခဲ့သည်။
အဆိုပါ အခြေခံဂျူဒိုသင်တန်းတွင် မြန်မာနိုင်ငံဂျူဒိုလက်ရွေးစင်ဟောင်း ဦးထွန်းထွန်းနိုင်က သင်တန်းနည်းပြအဖြစ် နေ့စဥ် ညနေ ၄ နာရီမှ ၅ နာရီခွဲအထိ သင်ကြားပို့ချပေးလျက်ရှိသည်။ လယ်ဝေးမြို့နယ်ရုံး Community Centre တွင် အခြေခံအင်္ဂလိပ်စာ (Grammar & Speaking ) သင်တန်းနှင့် အခြေခံပန်းချီသင်တန်တို့အား မတ်လ ၇ ရက်နေ့မှစ၍ ဖွင့်လှစ်သင်ကြား ပေးလျက်ရှိရာ ကျောင်းသားကျောင်းသူလေးများ စိတ်ပါဝင်စားစွာ တက်ရောက်သင်ယူလျက်ရှိသည်။
နွေရာသီအခြေခံဂျူဒိုသင်တန်းအား မတ်လ ၁၇ ရက်နေ့တွင် စတင်ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး သင်တန်းအမျိုးအစားအားလုံးကို မတ်လ ၃၀ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။
ထိုက်ထိုက်(ပြန်/ဆက်)