မိုင်းယောင်း မတ် ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် မြို့မရပ်ကွက်နှင့် တာကြန့်ကျေးရွာ၌ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးနှင့် လူကုန်ကူးမှုတားဆီးရေး ပညာပေးဟောပြောပွဲကို ယမန်နေ့က ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေက အမှာစကား ပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်-၁ ဗိုလ်မှူးဇော်မင်းဆွေနှင့် မိုင်းယုမြို့မရဲစခန်းမှူး ရဲအုပ်နိုင်နိုင်ဝင်းတို့က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးနှင့် မူခင်းကျဆင်းရေး၊ လူကုန်ကူးမှုအန္တရာယ်နှင့် ပတ်သက်၍ ဟောပြောခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း