ကျောက်ဆည် မတ် ၁၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ မတ်(၁၇)ရက် နံနက်(၈)နာရီ (၅)မီနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့သည့် ငါးဆူကျေးရွာမှ မီးဘေးသင့်ပြည်သူများအား မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာနမှ ယမန်နေ့ ညနေ (၄)နာရီက ငွေနှင့်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ရာ၌ မီးလောင်မှုကြောင့် လုံးပျက်စီးသွားသည့် လူနေအိမ်(၃)လုံးအတွက် ငွေကျပ် (၁၁)သိန်း၊ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် လူနေအိမ်(၁)လုံးအတွက် ငွေကျပ်(၂)သိန်းငါးသောင်း စုစုပေါင်း ငွေကျပ် (၁၃) သိန်း ငါးသောင်းကျပ်နှင့် မိသားစုတစ်စုအတွက် ကျားလုံချည်(၃)ထည်၊ မလုံချည်(၃)ထည်၊ တီရှပ် (၆)ထည်၊ တဘက်(၃)ထည်၊ စောင်(၃)ထည်၊ နှစ်ယောက်အိပ်ခြင်ထောင်(၃)လုံး၊ ဆပ်ပြာတောင့်(၃)တောင့်၊ ဒန်အိုး(၃)လုံး၊ စတီးလ်ဇလုံ(၃)လုံး၊ စတီးလ်သောက်ရေခွက်(၃)ခွက်၊ စတီးလ်ပန်ကန်ပြား(၆)ချပ်၊ စတီးလ်ဇွန်း (၆)ချောင်း၊ စတီးလ်ဓား(၃)ချောင်း၊ ပလပ်စတစ်ရေချိုးခွက်(၃)ခွက်၊ တာပေါ်လင်အစ(၃)စ၊ ပလပ်စတစ် လေးထောင့်ပုံး(၃)လုံး၊ ကျား/မ ကလေးကျောင်းဝတ်စုံ(၃)စုံတို့အား ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက မီးဘေးသင့် ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သက်မောင် (ခရိုင်၊ ပြန်/ဆက်)