မိုင်းယောင်း မတ် ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်မှ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းခြင်းခံရသော ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)တပ်ဦးကျောင်းတိုက်၏ ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တဘဒ္ဒိယ မဟာထေရ်အရှင်မြတ်အား ဂုဏ်ပြုပူဇော်သည့် အခမ်းအနားကို ဧပြီ ၁ ရက်တွင် အဆိုပါကျောင်းတိုက်၌ ကျင်းပမည်ဖြစ်သည်။
ဂုဏ်ပြုပူဇော်ပွဲတွင် သိက္ခာထပ်အလှူတော် မင်္ဂလာအခမ်းအနားနှင့် သိမ်ဆင်းလောင်းလှူပွဲ(သံဃာတော် ၆၅ ပါး)၊ မန္တလေးစောင်းပညာရှင် စောင်းအိအိမွန်အဖွဲ့မှ မတ် ၃၁ ရက်နှင့် ဧပြီ ၁ ရက်(ညပိုင်း) ဧည့်ခံဖျော်ဖြေပွဲနှင့်အတူ စည်ကားသိုက်မြိုက်စွာ ပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း