တန့်ယန်းမြို့နယ်တွင် ဓမ္မဂုဏ်ရည်ရိပ်သာ ကျောင်းဝင်မုခ်ဦးဖွင့်ပွဲနှင့် ကျောင်းဆောင်သစ်ဖွင့်ပွဲ ကျင်းပ

တန့်ယန်း မတ် ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် အမှတ်(၄)ရပ်ကွက်ရှိ ဓမ္မဂုဏ်ရည် ရိပ်သာကျောင်းဝင်မုခ်ဦး ဖွင့်ပွဲနှင့် ကျောင်းဆောင်သစ်ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ တောင်တန်းသာသနာပြုဆရာတော် အဂ္ဂမဟာကမ္မဌာနာစရိယ ဘဒ္ဒန္တသုခမိန္ဒ(စဝ်ဆုခမ်း)နှင့် ကြွရောက်တော်မူလာကြသော ဆရာတော် သံဃာတော် အရှင်သူမြတ်များက ဇယန္တောဗောဓိယာမူလေ ဂါထာရွတ်ဆိုပြီး အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တသုခမိန္ဒ(စဝ်ဆုခမ်း)၊ နယ်မြေခံတပ်နယ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်သူဝင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝေလွင်ထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ ဒေါ်နန်းကြည်ကြည်သိန်း(ဓမ္မဂုဏ်ရည်)နှင့် အလှူရှင်များက ဓမ္မဂုဏ်ရည်ရိပ်သာ ကျောင်းဝင်မုခ်ဦး ဖွင့်ပွဲနှင့် ကျောင်းဆောင်သစ်တို့ကို တိုင်းရင်းသူများခြံရံလျက် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)