မိုင်းငေါ့မြို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး Talk Show ပြုလုပ်ဆောင်ရွက်

မိုင်းငေါ့ မတ် ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေး အလုပ်သမားနှင့် ပတ်သက်သည့် အကြောင်းအရာများကို ပြည်သူများ သိရှိနိုင်စေရန် ရည်ရွယ်၍  ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး (Talk Show) ကို ယနေ့ နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်သွယ်က ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး Talk Show ဆောင်ရွက်ရခြင်း ရည်ရွယ်ချက် ကို ပြောကြားခဲ့ပြီးနောက် ကလေး အလုပ်သမား၏ အဓိပ္ပာယ်၊ ကလေးသူငယ်များအကြောင်း ကိုလည်းကောင်း၊ ရုပ်သံကျွမ်းကျင်-၃ ဒေါ်ခိုင်နှင်းဆီက ကလေး အလုပ်သမားပပျောက်ရေး ကြိုတင်ကာကွယ်တားဆီးရမည့် အချက်များကိုလည်းကောင်း ဆွေးနွေးပြောကြားပေးခဲ့ ကြောင်း သိရသည်။      

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းငေါ့မြို့ရုံးအနေဖြင့် ပုံပြော၊ ကဗျာရွတ်၊ စက္ကူရုပ်ခေါက်၊‌‌ ဆေးရောင် ခြယ်သခြင်း ပြိုင်ပွဲများ ပြုလုပ်ပေးသည့်အပြင် ဟောပြောပွဲများ၊ ဆွေးနွေးပွဲ (Talk Show) စသည့်  အသိပညာ အစီအစဉ် များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)