မိုးကုတ်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ပြပွဲ၊ ပြိုင်ပွဲများပြုလုပ်

မိုးကုတ် မတ် ၁၈

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာတွင် (၇၈) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အဖြစ် ကျောင်းသားလူငယ်များ စာပေဖတ်ရှုသည့် အလေ့အကျင့် ကောင်းများရရှိစေရန်၊ စာဖတ်စွမ်းရည်မြင့်မားလာစေရန်နှင့် နွေရာသီကျောင်းပိတ်ရက်အတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ ပုံ​​ပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာအုပ်ပြပွဲများကို ယမန်နေ့ နေ့လယ်(၁၂)နာရီက လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာ  မိုးကုတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ကြည်ကြည်နွဲ့က ပြပွဲပြိုင်ပွဲများပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားရာတွင် "ကျောင်းသား၊ ကျောင်းသူများအား နွေရာသီကျောင်းပိတ်ရက်အတွင်း ယခုလို ပြပွဲပြိုင်ပွဲများ ပြုလုပ်ပေးခြင်းဖြင့် မိမိတို့ရဲ့ကျောင်းစာသာမက ပြင်ပဗဟုသုတ ဖြစ်ဖွယ်စာအုပ်များအား လေ့လာဖတ်ရှုခြင်းဖြင့် စာဖတ်စွမ်းရည်​မြင့်မားလာပါကြောင်း၊ ဖတ်မှတ်စွမ်းရည်တွေ တိုးတက် လာအောင် လေ့ကျင့်ပေးခြင်းဖြစ်ပါကြောင်း၊ တစ်ဦးနဲ့တစ်ဦး ခင်မင်ရင်းနီး၍ မိတ်ဆွေ အပေါင်းအသင်းတိုးလာမည်ဖြစ်ပါကြောင်း" စသည်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ အဆိုပါပြပွဲပြိုင်ပွဲများကို ဆက်လက်ကျင်းပရာ  မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ (၂၅) ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများနှင့် ပြိုင်ပွဲဝင်များအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထန်းများက ဆုလက်ဆောင်များ၊ မုန့်နှင် အချိုရည်များ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

ကြည်ကြည်နွဲ့