လယ်ဝေး မတ် ၁၈
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာန ဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံ နက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်က မြို့သန့်ရှင်းသာယာလှပရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့်စို က်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ သစ်ပင်သစ်တောများ မပြုန်းတီးစေရေး ဝိုင်းဝန်းပူးပေါင်း ကာကွယ်နိုင်ရေး၊ ရွေးကောက်ပွဲလုပ်ငန်းများတွင် ဌာနဆိုင်ရာများအနေဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့နှင့် ဓမ္မာစရိယ၊ ပါဠိပထမပြန် စာမေးပွဲများကျင်းပမည့် အခြေအနေများအား ရှင်းလင်းဆွေးနွေးမှာကြားသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၁)ဗိုလ်မှူး မင်းကျော်သူက ဌာနဆိုင်ရာများ အလိုက် မိမိတို့ဌာန၏ လုံခြုံရေးကိစ္စရပ်များအား အလေးအနက်ထားဆောင်ရွက်ရန် ဆွေးနွေးပြောကြားပြီး အဖွဲ့ဝင်(၂) ဦးဝင်းအောင်က နိုင်ငံ့ စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် မွေးမြူရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများအား ရှင်းလင်းပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေး၊ မွေးကု၊ ဆည်မြောင်း၊ မြေစာရင်း၊ သစ်တော၊ သာသနာရေး၊ မီးသတ်၊ လျှပ်စစ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် စသည့်ဌာနများမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)