ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲကျင်းပ

လှိုင် မတ် ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်တွင် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲအား လှိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲအား ကျန်းမာရေး၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ချက် များနှင့်အညီကျင်းပရာ MG ယာဥ်မောင်းသင်တန်းကျောင်းမှ သင်တန်းနည်းပြ ဦးကျော်ကျော်ထွန်းမှ သင်တန်းသား၊ သင်တန်းသူများအား ယာဥ်စည်း၊လမ်းစည်းကမ်းဆိုင်ရာ အချက်အလက်များအား Power Point ဖြင့် ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။

ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲအား တစ်လလျှင်()ကြိမ်နှုန်းဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်ရဲအောင်(ပြန်/ဆက်)