အမ်း မတ် ၁၈
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် အနာဂတ်မျိုးဆက်သစ် လူငယ်များ အသိပညာပေး နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ဆောင်ရွက်ခြင်းကို ယမန်နေ့ ညနေအချိန်က ကျင်းပခဲ့သည်။
လူငယ်အသိပညာပေး စာဖတ်ရှိန်မြှင့်တင်ရေးဆောင်ရွက်မှုကို ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစန်းဝင်းက အနာဂတ်နိုင်ငံ့တာဝန်များကို ထမ်းဆောင် ရမည့် မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူ လူငယ်များ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တ ဗလ၊ မိတ္တဗလ၊ ဘောဂဗလ တို့ဖွံ့ဖြိုးစေရန်၊ အသိပညာဗဟုသုတများ ရရှိစေရန် အချင်းချင်း ချစ်ခင်မှုရှိလာစေရန်၊ ပူးပေါင်းပါဝင် ဆောင်ရွက်တတ်သော အလေ့အထများ ရှိလာစေရန်၊ မိမိတို့၏ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံး ပြုတတ်လာစေရန်၊ စာပေကို ချစ်မြတ်နိုး လာစေရန် စသည့်ရည်ရွယ်ချက်ဖြင့် ကျင်းပရခြင်းဖြစ်ပါသည်။ နွေရာသီကျောင်းပိတ်ရက်များအတွင်း လူငယ်များအကျိုးရှိစေမည့် ပန်းချီသင်တန်းများ၊ အင်္ဂလိပ်စာ အခြေခံသင်တန်း နှင့် အခြားလူငယ်အသိပညာပေး သင်တန်းများ ဆောင်ရွက်ပို့ချသွားမည်ဖြစ်၍ ယခုအချိန် သည် ပညာခေတ်ဖြစ်၍ မျိုးဆက်သစ်လူငယ်ဖြစ်တဲ့လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးလာစေရန်၊ အသိပညာ ဗဟုသုတများ ရရှိစေရန်အတွက် ယခုလို နံရံကပ်စာစောင်ပြပွဲ စာအုပ်စာစောင် ပြပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
စိုးမင်းထွန်း