မိုင်းယောင်းမြို့နယ်တွင် နွေရာသီအားကစားအခြေခံသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

မိုင်းယောင်း မတ် ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အခြေခံ ပညာဦးစီးဌာနတို့ ပူးပေါင်း၍ နွေရာသီ အားကစားအခြေခံ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်က အမှတ်(၄) ရပ်ကွက်ရှိ မြို့နယ်မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ခရိုင်ပညာရေးမှူး ဦးတင့်ဆွေက အမှာစကားပြောကြားပြီး အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးအောင်မျိုးဦးက ထူးချွန်ထက်မြက်သော မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရေး စသည့် နွေရာသီ အခြေခံ အားကစားသင်တန်း ဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

မတ် ၁၈ ရက်မှ ၃၁ ရက်အထိ ဖွင့်လှစ်မည့် အဆိုပါ သင်တန်းတွင် ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်ရိုက် စသည့် အားကစားနည်းများကို စနစ်တကျ လေ့ကျင့်သင်ကြားပေးသွား မည်ဖြစ်ကြောင်း သိရသည်။

စိုင်းအောင်‌ဇော်လင်း