လွိုင်လင်မူလတန်းကြိုကျောင်းတွင် ကျောင်းဆင်းပွဲနှင့် ပဒေသာကပွဲကျင်းပ

လွိုင်လင် မတ် ၁၈

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ လွိုင်လင်မူလတန်းကြို ကျောင်းတွင် ကျောင်းဆင်းပ‌ဒေသာကပွဲနှင့် ကျောင်းဆင်းလက်မှတ် ပေးအပ်ပွဲကို ယနေ့ နံနက်(၉)နာရီက အဆိုပါ ကျောင်းတွင် ကျင်းပသည်။

ရှေးဦးစွာ ဦးစီးမှူး ဒေါ်စိုးစိုးမော်မှ လူမှုဝန်ထမ်းဦးစီးဌာန၏ ဆောင်ရွက်ပေးနေသည့် လုပ်ငန်းများ၊ ရှေ့ဆက်ဆောင်ရွက် မည့် လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် လွိုင်လင် မူလတန်းကြိုကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သီတာမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ဆက်လက်၍ ကျောင်းဆင်းလက်မှတ်ပေးအပ်ခြင်းကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကံစောလှိုင်၊ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက သားသားမီးမီးများအား ကျောင်းဆင်း လက်မှတ် အသီးသီးပေးအပ်ကြသည်။ ထို့နောက် သားသားမီးမီးလေးများက ပဒေသာကပွဲဖြင့် ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်(လွိုင်လင်)