နေပြည်တော် မတ် ၁၇
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့၌ ကျင်းပလျက်ရှိရာ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင်လည်း သက်ဆိုင်ရာစာစစ်ဌာနများအလိုက် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဝင်ရောက် ဖြေဆိုလျက်ရှိသည်။
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၈ ရက်နေ့တွင် စတင်ကျင်းပခဲ့ရာ ယနေ့တွင် သမိုင်းဘာသာရပ်ကို ဖြေဆိုကြသည်။ ဦးစွာ စာမေးပွဲဖြေဆိုခြင်းမပြုမီ ဆရာ/ဆရာမများက စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့်ကတ်များ မှန်/မမှန် စစ်ဆေးခြင်းနှင့် လိုအပ်သည့်စစ်ဆေးမှုများကို စာမေးပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဆောင်ရွက်ပေးသည်။
ရခိုင်ပြည်နယ်၏ မြို့နယ်အသီးသီးရှိ စာစစ်ဌာနများတွင် သမိုင်းဘာသာရပ်ကို ဖြေဆိုကြရာတွင် အမ်းမြို့နယ်အတွင်းရှိ စာစစ်ဌာန (၃) ခုတွင် ဖြေဆိုသူ (၄၉၃) ဦး၊ ပျက်ကွက်သူ (၉၉)ဦး၊ ဘူးသီးတောင်မြို့နယ်အတွင်းရှိ စာစစ်ဌာန (၄)ခုတွင် သမိုင်းဘာသာရပ် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၇၈) ဦး၊ ပျက်ကွက်သူ(၁၃)ဦး၊ ဖြေဆိုမှု ၈၅.၇၁ ရာခိုင်နှုန်း၊ ဂွမြို့နယ်အတွင်းရှိ စာစစ်ဌာန (၃) ခုတွင် ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၂၀၃) ဦး၊ ပျက်ကွက်သူ (၂၂) ဦး၊ ဖြေဆိုမှု ၉၀.၂၂ ရာခိုင်နှုန်း၊ ကျိန္တလီ မြို့နယ်အတွင်းရှိ စာစစ်ဌာန (၂) ခုတွင် ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၅၆) ဦး၊ ပျက်ကွက်သူ (၇) ဦး၊ ကျောက်ဖြူ မြို့နယ် အတွင်းရှိ စာစစ်ဌာန (၂) ခုတွင် ဖြေဆိုသူကျောင်းသား/ကျောင်းသူ (၅၁၀) ဦး၊ ပျက်ကွက်သူ (၉၆) ဦး၊ကျောက်တော်မြို့နယ် အတွင်းရှိ စာစစ်ဌာန (၂) ခုတွင် ဖြေဆိုသူကျောင်းသား/ကျောင်းသူ (၄၁၇) ဦး၊ ပျက်ကွက်သူ (၃၃၈)ဦး၊ မအီမြို့နယ်အတွင်းရှိ စာစစ်ဌာန (၂) ခုတွင် ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၄၀) ဦး၊ ပျက်ကွက်သူ (၈) ဦးဖြစ်သဖြင့် ဖြေဆိုမှု ၈၂.၉၃ ရာခိုင်နှုန်း၊ မာန်အောင်မြို့အတွင်းရှိ စာစစ်ဌာန (၁) ခုတွင် ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၂၄၇) ဦး၊ ပျက်ကွက်သူ (၄၀) ဦး၊ မြောက်ဦးမြို့ အတွင်းရှိ စာစစ်ဌာန(၅)ခုတွင် ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၉၅)ဦး၊ ပျက်ကွက်သူ (၉) ဦးဖြစ်သဖြင့် ဖြေဆိုမှု ၉၁.၃၅ ရာခိုင်နှုန်း၊ ငပလီမြို့အတွင်းရှိ စာစစ်ဌာနတွင် ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၁၇၁) ဦး၊ ပျက်ကွက်သူ (၁၂) ဦး၊ ပေါက်တောမြို့အတွင်းရှိ စာစစ်ဌာန(၄)ခုတွင် ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ(၄၀၆) ဦးဖြစ်သဖြင့် ဖြေဆိုမှု ၈၈ ရာခိုင်နှုန်း၊ သံတွဲမြို့အတွင်းရှိ စာစစ်ဌာန(၃)ခုတွင် ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၄၂၁)ဦး၊ ပျက်ကွက် (၆၄) ဦးဖြစ်သဖြင့် ဖြေဆိုမှု ၈၇ ရာခိုင်နှုန်း၊ တောင်ပြိုလက်ဝဲမြို့အတွင်းရှိ စာစစ်ဌာနတွင် ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၁၀၇) ဦး၊ ပျက်ကွက်သူ (၉) ဦးဖြစ်သဖြင့် ဖြေဆိုမှု ၉၂.၂၄ ရာခိုင်နှုန်း၊ ရမ်းဗြဲမြို့အတွင်းရှိ စာစစ်ဌာန(၃)တွင် ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ(၄၁၈) ဦး၊ ပျက်ကွက်သူ (၇၃) ဦးဖြစ်သဖြင့် ဖြေဆိုမှု ၈၅.၁၃ ရာခိုင်နှုန်းတို့ဖြစ်သည်။
ရခိုင်ပြည်နယ်တွင် စာစစ်ဌာနစုစုပေါင်း (၆၀) ခုရှိပြီး ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာနှင့် ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်းအတွင်းနှင့်အပြင်များတွင် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက စနစ်တကျ စောင့်ကြပ်ကြည့်ရှုပေးလျက်ရှိ ကြောင်း သိရသည်။