မိုင်းရှူးခရိုင်အတွင်း ၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ (၈၈ႉ၈)ရာခိုင်နှုန်းရှိ

မိုင်းရှူး မတ် ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်တွင် ၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၈ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပခဲ့ခြင်းဖြင့် မိုင်းရှူးမြို့နယ်တွင် စာစစ်ဌာန(၂)ခု၊ ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ(၈၅)ဦး၊ ကျေးသီးမြို့နယ်တွင် စာစစ်ဌာန(၂)ခု ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ(၂၆)ဦး စုစုပေါင်း(၁၁၁)ဦးအထိရှိပြီး ဖြေဆိုမှုရာခိုင်နှုန်းမှာ (၈၈.၈)ရာခိုင်နှုန်းရှိကြောင်း ခရိုင်ပညာရေးမှူးရုံးထံမှ သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပ‌နေစဉ်ကာလအတွင်း အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ဆရာ၊ဆရာမများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ယာဉ်များနှင့်စက်သံများ ဆူညံမှုမရှိစေရေး၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်များမဖြစ်ပွားစေရေးနှင့် အခြားလုံခြုံရေးဆိုင်ရာကိစ္စရပ်များကို အနီးကပ်ကြီးကြပ်၍ ဆောင်ရွက်ပေးကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)