မိုင်းရယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်စွာဖြေဆိုပြီးစီး

မိုင်းရယ် မတ် ၁၇

အခြေခံပညာဦးစီးဌာန၊ ၂၀၂၃ ခုနှစ် မိုင်းရယ်မြို့နယ် တက္ကသိုလ်ဝင်စာမေးပွဲ အတွဲ(၂) သမိုင်းဘာသာရပ်ကို ယနေ့နံနက် ၉ နာရီက မိုင်းရယ်မြို့ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုခဲ့ကြသည်။

မိုင်းရယ်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အတွဲ(၂)သမိုင်းဘာသာရပ်ဖြေဆိုသူ (၈)ဦး ဖြစ်ပြီး ယနေ့တွင် ဘာသာရပ်အားလုံးဖြေဆိုပြီးစီးပြီဖြစ်ကြောင်း သိရသည်။

မိုင်းရယ်(ပြန်/ဆက်)