စဉ့်ကူး မတ် ၁၇
စဉ့်ကူးမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မတ်လ ၈ ရက်နေ့မှစတင် ဖြေဆိုခဲ့ရာ နောက်ဆုံးနေ့ သမိုင်းဘာသာရပ်အား ဖြေဆိုပြီးစီးခဲ့သည့် ကျောင်းသား ကျောင်းသူများအား ယနေ့ နေ့လယ် (၁၂)နာရီက စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ အအေးများ ပေးဝေခဲ့သည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများအား စဉ့်ကူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ပေးဝေခဲ့ကြသည်။
ယနေ့ဖြေဆိုသည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ နောက်ဆုံးနေ့ သမိုင်းဘာသာရပ်အား ဖြေဆိုသူ ကျောင်းသား (၁၂) ဦးနှင့် ကျောင်းသူ (၂၆)ဦး စုစုပေါင်း (၃၈) ဦးရှိကြောင်း၊ ဖြေဆိုမှုရာခိုင်နှုန်း (၁၀၀) ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။
တင်ဇာလွင် (ပြန်/ဆက်)