ဟိုပုံး မတ် ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် အနာဂတ်မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများ၊ ကာယ၊ ဉာဏ၊ စာရိတ္တဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးနှင့် ဇွဲမူကြိုကျောင်းတို့ပူးပေါင်းကျင်းပသည့် ကဗျာရွတ်၊ ဆေးရောင်ခြယ်၊ ပုံပြင်ပြောနှင့် ဉာဏစွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရန် ဂိမ်းကစားခြင်းတို့ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်သည်။
လူငယ်လူရွယ်များအာရုံစူးစိုက်လေ့လာမှုနှင့် ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်၊ စိတ်လက်ပေါ့ပါးပျော်ရွှင်စေရန်၊ အစုအဖွဲ့အတွင်း ပူးပေါင်းပါဝင်ဆောင်ရွက်တတ်စေရန်၊ ကျောင်းသား၊ ကျောင်းသူများ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းကျင်ဝင်မှုရှိစေရန်၊ စာကြည့်တိုက်ကို အကျိုးရှိစွာ အသုံးပြုတတ်စေရန်၊ အသိပညာဗဟုသုတများ တိုးပွားရရှိစေရန် ပြိုင်ပွဲများကျင်းပခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲတွင် အကောင်းဆုံးဝင်ရောက်ယှဉ်ပြိုင်ကြသည်။ ဟိုပုံးမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် လူငယ်များ အသိပညာဗဟုတိုးတက်မြင့်မားစေရန်ရည်ရွယ်ပြီး သင်တန်းများ၊ ပြပွဲ၊ ပြိုင်ပွဲများ၊ ဟောပြောပွဲများ၊ အသိပညာပေးဆွေးနွေးပွဲများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)