ကွမ်းလုံ မတ် ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ အတွဲ(၂)ဘာသာရပ်၏ သမိုင်းဘာသာရပ်ကို ယနေ့မွန်းတည့် (၁၂)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(ကွမ်းလုံ) စာစစ်ဌာနတွင် ဖြေဆိုပြီးဖြစ်၍ ဘာသာတွဲများ အားလုံးကို အေးချမ်းတည်ငြိမ်စွာဖြေဆိုပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ အတွဲ(၁)ဘာသာရပ်တွင် ကျောင်းသား/ကျောင်းသူ (၂၂)ဦး၊ အတွဲ(၂)ဘာသာရပ်တွင်(၁၂)ဦး အတွဲ(၇)ဘာသာရပ်တွင် ကျောင်းသား/ကျောင်းသူ(၇)ဦး စုစုပေါင်း ကျောင်းသား/ကျောင်းသူ(၄၁)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)