(၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

စဉ့်ကိုင် မတ် ၁၇

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေသည့် (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား ပညာပေးလက်ကမ်းစာစောင်များကို တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုကြသည့် ကျောင်းသား/သူများအား မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်ရုံး ဝန်ထမ်းများက ယမန်နေ့က စာဖြေဆိုပြီးချိန်တွင် ဝေငှပေးခဲ့ကြသည်။

တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊“စွမ်းအားရှိသမျှ ကာကွယ်ပေးမယ်” ဗိုလ်ချုပ်အောင်ဆန်း၏ ပြည်သူ့အစည်းအဝေး မိန့်ခွန်းကောက်နုတ်ချက်၊ တပ်မတော်၏အား(၁၀)ပါး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် မိန့်ကြားခဲ့သည့် “ အမျိုးသားနိုင်ငံရေးကို တာဝန်များကို သစ္စာရှိရှိ ကျေပွန်စွာထမ်းဆောင်”  (၇၇)နှစ်မြောက် တပ်မတော်နေ့စစ်​ရေးပြ    အခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်၊ ပြည်သူချစ်တဲ့ တပ်မတော်ကဗျာ၊     ပညာပေးကာတွန်းစသည့် အချက်များ ဖော်ပြပါရှိသည်။

သတင်းစကား အသိပညာပေး လက်ကမ်းစာစောင်ကို တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြသည့် ကျောင်းသား/သူများအား လာကြိုကြသည့် မိဘအုပ်ထိန်းသူများ၊  စာမေးပွဲ အေးချမ်းစွာဖြေဆိုရန် လာရောက်ကူညီဆောင်ရွက်ပေးကြသူများနှင့် စာမေးပွဲဖြေဆိုပြီး ထွက်လာသည့် ကျောင်းသား/သူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စဉ့်ကိုင်မြို့နယ်ရုံး ဝန်ထမ်းများက   အ.ထ.က(စဉ့်ကိုင်)  ကျောင်းအရှေ့၌ ဖြန်ဝေပေးခဲ့ကြကြောင်း သိရသည်။

၀င်း၀င်းသန်း(စဉ့်ကိုင်)