ကွမ်းလုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်

ကွမ်းလုံ မတ် ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အခြေခံပညာအထက်တန်ကျောင်း(ကွမ်းလုံ)မှ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုပြီးသည့် ကျောင်းသား/ကျောင်းသူများဖြင့် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါစာဖတ်ဝိုင်းတွင် ကွမ်းလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ ဒုတိယဦးစီးမှူး ဒေါ်အိဇာချိုက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုပြောကြားခဲ့ပြီး ကျောင်းသား/ကျောင်းသူများနှင့်တကွ ဒို့ကျေးရွာဂျာနယ်အတွဲ(၂၀) အမှတ်(၅)ပါ စာရေးဆရာ ရွှေရောင်ဝင်းဝါရေးသားသည့် ပညာကိုမြတ်နိုးတတ်သောခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းအား ပြုလုပ်ခဲ့ကြသည်။ ထို့နောက်ကျောင်းသား/ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး နံရံကပ်ဓာတ်ပုံပြပွဲအား ကြည့်ရှုခဲ့ကြသည်။

ကွမ်းလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား/ကျောင်းသူများနှင့် မိဘပြည်သူများအား အသိပညာဗဟုသုတတိုးပွားစေရန်အတွက် စာဖတ်ဝိုင်းများ၊ နယ်လှည့်စာကြည့်တိုက်များ၊ စာအုပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများကို လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)