ကျောက်ဖြူမြို့၌ (၇၈)နှစ်မြောက် တပ်တော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေ

ကျောက်ဖြူ မတ်  ၁၇

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ၂၀၂၃ ခုနှစ်၊ မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို  ယနေ့ မွန်းတည့်    ၁၂ နာရီက ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပနေသည့် စာစစ်ဌာနများသို့ သွားရောက်၍ စာမေးပွဲ ဖြေဆိုပြီးသည့် ‌ကျောင်းသားကျောင်းသူများအား (အခမဲ့)ဖြန့်ဝေပေးသည်။

အဆိုပါ (၇၈) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်တွင်  (၇၈)နှစ်မြာက် တပ်မတော်နေ့ ဦးတည်ချက်များ၊ တပ်မ တော်၏အား (၁၀) ပါး၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် (၂၇-၃-၂၀၂၂)ရက်နေ့ (၇၇)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၌ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်၊  ဖိုးလေးလုံးသောင်းကိုကို   ရေးသားသည့်      ပြည်သူချစ်တဲ့ တပ်မတော်ကဗျာ၊ ဗိုလ်ချုပ်အောင်ဆန်း ၁၃-၇-၁၉၄၇ ရက်နေ့ မြို့တော်ခန်းမတွင် ကျင်းပသော ပြည်သူ့အစည်းအဝေး၌ ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ် ချက်၊  နိုင်ငံတော်နှင့် နိုင်ငံသားများအကျိုးစီးပွားကို ဦးလည်မသုန် ထမ်းရွက်ခဲ့ဆောင်ပါးနှင့် တပ်မတော်၏ ဆောင်ပုဒ်များဖြင့် ဝေဝေဆာဆာဖော်ပြပါရှိကြောင်း သိရသည်။    

တင်ထွန်းဦး (ပြန်/ဆက်)