မိုးမိတ် မတ် ၁၇
ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် ၂၀၂၂ -၂၀၂၃ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ သမိုင်းဘာသာရပ် ဆက်လက်ဖြေဆိုခြင်းကို ယနေ့ မွန်းတည့် ၁၂ နာရီ အချိန်က အေးချမ်းစွာဖြေဆိုခဲ့ကြောင်း သိရသည်။
မိုးမိတ်မြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ အား စာစစ်ဌာနနှစ်ခုခွဲ၍ဖြေဆိုခဲ့ပြီး သမိုင်းဘာသာရပ်တွင် ဝင်ရောက်ဖြေဆိုသူ အ-ထ-က မိုးမိတ်စာစစ်ဌာန၌ ကျောင်းသား၊ ကျောင်းသူပေါင်း (၅၉) ဦး၊ ပျက်ကွက် (၈) ဦးနှင့် အ-ထ-က (မန်ကျည်းပင်) စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူပေါင်း (၈၃) ဦး၊ ပျက်ကွက် (၁) ဦး စုစုပေါင်း (၈၃) ဦးတို့ ဝင်ရောက်ဖြေဆိုခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ထိုသို့ ၂၀၂၂ -၂၀၂၃ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်စွာဖြေဆိုပြီးစီးနိုင် ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဘော်၊ မြို့နယ်ရဲမှူး ကျော်အေးလှိုင်၊ မိုးမိတ်(အခြေချ) စစ်ဗျူဟာမှ ဗိုလ်မှူး ထူးဇေယျနှင့်တပ်နယ်အသီးသီးမှ တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များ၊ မြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
စည်သူဌေး