ပုဗ္ဗသီရိမြို့နယ်၌ နွေသီးနှံရေပေးဝေရေးနှင့်စပ်လျဉ်း၍ ရေအသုံးချသူတောင်သူ(WUG)အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေး

ပုဗ္ဗသီရိ မတ် ၁၇

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (နေပြည်တော်)မှ ရေအသုံးချသူ တောင်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ်၊ အ​ထွေထွေအုပ်ချုပ်​ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးခင်ဇော်၊ ပုဗ္ဗသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာစံထွန်းဝေ၊ ဇေယျာသီရိခရိုင် ​စိုက်ပျိုးရေးဦးစီးဌာနမှဦးစီးအရာရှိ ဦးပြေသိန်း၊  ပုဗ္ဗသီရိမြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသွယ်​မောင်မောင်ထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက နွေသီးနှံစိုက်ပျိုးနိုင်ရန်အတွက် တောင်သူများ၏ ရေပေးဝေမှုအခြေအနေများနှင့် ဌာနအလိုက်ဆောင်ရွက်နေသည့် အခြေအနေများအား ဆွေးနွေးအမှာစကားပြောကြားခဲ့ပြီး ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ရေအသုံးချသူများအဖွဲ့မှ နွေသီးနှံအောင်မြင်စွာ စိုက်ပျိုးနိုင်ရန်အတွက် လိုအပ်ချက်များအား တင်ပြဆွေးနွေးခဲ့ရာ ညွှန်ကြားရေးမှူး ဦးခင်ဇော်က သက်ဆိုင်သည့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ 

ပုဗ္ဗသီရိမြို့နယ်တွင် ရေအသုံးချသူများအဖွဲ့ ၂၇ ဖွဲ့ရှိပြီး စက်စက်ယိုဆည်ရေသောက်စနစ်မှ နွေသီးနှံစိုက်ပျိုးဧက ၁၉ ဒသမ ၁၉  ဧက၊ ငလိုက်လက်ဝဲဆည်​ရေသောက်စနစ်မှ နွေသီးနှံ ၂၂ ဒသမ ၇၀ ဧက စုစုပေါင်း ၄၁ ဒသမ ၈၉ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

သန္တာလင်း(ပုဗ္ဗသီရိ)