ပင်လုံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းခြင်းဆောင်ရွက်

ပင်လုံ မတ် ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းခြင်းကိုပုံ မှန်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀:၃၀)နာရီအချိန်က နယ်စပ်ဒေသတိုင်းရင်း သားလူငယ်ဖွံ့ဖြိုးရေး သင်တန်းကျောင်း(ပင်လုံ)သို့သွားရောက်ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါဆောင်ရွက်ခြင်းတွင် သုတ/ရသစာအုပ်များ၊ မဂ္ဂဇင်း၊ ဝတ္ထုစာအုပ်များအား စာဖတ်ပရိတ်သတ်များထံ လက်ဝယ်အရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရခြင်းမှာ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာကြည့်တိုက်သို့ကိုယ်တိုင်မလာရောက်နိုင်သည့် စာဖတ်ပရိတ်သတ်များ စာအုပ်စာစောင်များ ဖတ်ရှုနိုင်စေရန်ရည်ရွယ်၍ သွားရောက်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)