မိုင်းပျဉ်း မတ် ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ နောက်ဆုံးနေ့အဖြစ် အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန၌ ယနေ့နံနက်ပိုင်းတွင် အတွဲ(၂)သမိုင်းဘာသာရပ်ကို အေးချမ်းစွာဖြေဆိုခဲ့ကြကြောင်း သိရှိရသည်။
မိုင်းပျဉ်းမြို့နယ်၊ အထကစာစစ်ဌာနတွင် တက္ကသိုလ်ဝင်စာမေးပွဲ နောက်ဆုံးနေ့အဖြစ် အတွဲ(၂) သမိုင်းဘာသာရပ်ကို စာရင်းရှိဦးရေ(၁၆)ဦး၊ လာရောက်ဖြေဆိုသူစုစုပေါင်း(၁၆)ဦးရှိရာ ဖြေဆိုမှုရာခိုင်နှုန်း(၁၀၀%)ရှိကြောင်း၊ အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခန်းအတွင်းသို့ မဝင်ရောက်မီ စာဖြေကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဝင်ခွင့်ကတ်ပြားများ ယူဆောင်လာခြင်း ရှိ/မရှိနှင့် မှန်ကန်မှုရှိ/မရှိအား တာဝန်ကျ ဆရာ၊ ဆရာမများက စစ်ဆေးဆောင်ရွက်ပေးပြီး၊ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာပျော်ရွှင်စွာဖြင့် စာမေးပွဲဖြေဆိုနိုင်ရေးအတွက် စာမေးပွဲရက်အစမှ အဆုံးရက်အထိ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ပညာရေးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ကျန်းမာရေးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့က လုံခြုံရေး၊ ကျန်းမာရေးနှင့် အခြားလိုအပ်သည်များတို့ကို အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။
နန်းသန္တာဦး(ပြန်/ဆက်)