မိုင်းပျဉ်းမြို့၊ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာအုပ်ငှားရမ်းပေး

မိုင်းပျဉ်းမြို့၊ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာအုပ်ငှားရမ်းပေး

မိုင်းပျဉ်း မတ် ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်မားရေးအတွက်ရည်ရွယ်၍ ဌာနဆိုင်ရာများသို့ နယ်လှည့်စာအုပ် ငှားရမ်းပေးခြင်းကို ၂၀၂၃ ခုနှစ် ယနေ့နံနက်ပိုင်းက ဌာနဆိုင်ရာရုံးများသို့ သွားရောက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ပရိသတ်တိုးပွားလာစေရေးနှင့် စာဖတ်ရှိန်မြှင့်မားစေရန်ရည်ရွယ်၍ မိမိရုံးသို့ လာရောက်ခြင်းမရှိနိုင်သော ဌာနဆိုင်ရာဝန်ထမ်းများနှင့် စာပေချစ်မြတ်နိုးသော စာဖတ်ပရိသတ်များထံသို့ သုတ/ရသ စာအုပ်စာစောင်မျိုးစုံစွာ အခမဲ့သွားရောက် ငှားရမ်းဆောင်ရွက်ပေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ နယ်လှည့်စာကြည့်တိုက် စာအုပ်ငှားရမ်းပေးခြင်း (Mobile Library) ဆောင်ရွက်ခြင်းအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများမှ ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်များ၊ ကျေးရွာများအရောက် လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နန်းသန္တာဦး