ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ရမည်းသင်း မတ် ၁၇

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကျောင်းသားလူငယ်များအား ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက ခရိုင်ပြန်/ဆက်ရုံး လူထုအခြေပြဗဟိုဌာန၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မျိုးက မြန်မာနိုင်ငံအတွင်း ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်ချက်(၃)ချက်ဖြင့်ဆောင်ရွက်နေမှု၊ ကလေးအလုပ်သမားများ၏ အသက်အရွယ်နှင့် အလုပ်ချိန်ကန့်သတ်ချက်၊ ကလေးများအား ကလေးအလုပ်သမားအဖြစ်ခိုင်းစေခြင်းနှင့် ကလေးအလုပ်သမား ပပျောက်ရေးအတွက် ပြည်သူအားလုံး ဝိုင်းဝန်းကြိုးပမ်းကြစေရေးတို့ကို ရှင်လင်း‌ဟောပြောပြီး ကျောင်းသား၊ ကျောင်းသူများအား ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ သိကောင်းစရာမေးခွန်းများမေးမြန်းရာ အကောင်းဆုံးဖြေဆိုနိုင်သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများကို ချီးမြှင့်ပေးကြသည်။

ဇော်ဝင်အောင်(ခရိုင် ပြန်/ဆက်)