ကွမ်းလုံမြို့၌ (၅)ရက်တစ်ကြိမ်ကျရောက်သည့် ဈေးနေ့တွင် ဈေးရောင်း/ဈေးဝယ်သူများဖြင့် စည်ကား

ကွမ်းလုံ မတ် ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ (၅)ရက်တစ်ကြိမ်ကျရောက်သည့် ဈေးနေ့တွင် ဈေးရောင်း/ဈေးဝယ်သူများဖြင့် စည်ကားစွာ ရောင်းဝယ် ဖောက်ကားလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဈေးနေ့ကို ကွမ်းလုံမြို့ပေါ်နှင့် မြို့ပတ်ဝန်းကျင်တွင်ရှိသော ကျေးရွာအုပ်စုများနှင့် ဟိုပန်မြို့နယ်မှ ဈေးသည်များမှ လာရောက်ရောင်းချခြင်းဖြစ်ပြီး ခရမ်းချဉ်သီး တစ်ပိဿာ (၂၅၀၀)ကျပ်၊ ကြက်သွန်နီတစ်ပိဿာ (၃၀၀၀)ကျပ်၊ ကြက်သွန်ဖြူတစ်ပိဿာ (၅၀၀၀)ကျပ် (၄၅)ရက်သား ကြက်တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ငါးကြင်းတစ်ပိဿာ (၁၃၀၀၀)ကျပ်၊ အမဲသားတစ်ပိဿာ (၂၂၀၀၀)ကျပ်၊ ဒေသအခေါ် ရှမ်းကြက် တစ်ပိဿာ (၂၈၀၀၀)ကျပ်နှင့် ကြက်ဉအလုံး ၃၀ ပါတစ်ကဒ်လျှင် (၇၅၀၀)ကျပ် အသီးသီးရောင်းချလျက်ရှိကြောင်း ဈေးရောင်းချသူများထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)