မိုင်းဆတ်မြို့၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲနောက်ဆုံးနေ့ သမိုင်းဘာသာရပ်ကို ဆက်လက်ဖြေဆို

မိုင်းဆတ် မတ် ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ အခြေခံပညာဦးစီးဌာနမှ ၂၀၂၃ ခုနှစ်၊ မတ်လ(၈)ရက်နေ့မှစတင်၍ ကျင်းပပြုလုပ်သည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲနောက်ဆုံးနေ့အဖြစ် သမိုင်းဘာသာရပ်ကို ယနေ့နံနက်(၉)နာရီက အထက(မိုင်းဆတ်)စာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အ.ထ.က(မိုင်းဆတ်)စာစစ်ဌာနတွင် ယနေ့သမိုင်းဘာသာရပ်ကို ကျောင်းသား(၁၂)ဦး၊ ကျောင်းသူ(၉)ဦး စုစုပေါင်း(၂၁)ဦး ဝင်ရောက်ဖြေဆိုလျက်ရှိပြီး ဖြေဆိုရန်ပျက်ကွက်သည့် ကျောင်းသား(၈)ဦး၊ ကျောင်းသူ(၂)ဦး စုစုပေါင်း(၁၀)ဦးရှိရာ ဖြေဆိုမှုရာခိုင်နှုန်း (၆၇ဒဿမ၇၄)ရာခိုင်နှုန်းရှိကြောင်း အ.ထ.က(မိုင်းဆတ်)စာစစ်ဌာနမှ သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြသည့်ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကို ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)