နမ့်ဆန် မတ် ၁၇
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကလေးသူငယ်များ အသိပညာဗဟုသုတများကြွယ်ဝစေရန် ရည်ရွယ်၍ စကားပုံဆက်ပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းထားထားလှိုင်က ကလေးသူငယ်များ ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်၊ ဉာဏ်သွေး တိုးတက်ထက်မြတ်လာစေရန်၊ တစ်ဦးနှင့်တစ်ဦး ရင်းနှီးကျွမ်းဝင်ပြီး ပူပေါင်းဆောင်ရွက်တတ်စေရန်၊ စဉ်းစားတွေးခေါ်မှုမြင့်မားလာစေရန်၊ ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် စာကြည့်တိုက်ကိုလာရောက်သော စာပေချစ်မြတ်နိုးသူ စာဖတ်ပရိသတ်များက စကားပုံဆက်ခြင်းပြိုင်ပွဲကိုပြုလုပ်ရာ ဝင်ရောက်ယှဉ်ပြိုင်သူ(၅)ဦးမှ ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများအတိုင်း ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရှိရသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)