ဆီဆိုင် မတ် ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ယနေ့ နံနက် ၉ နာရီက ဖွင့်လှစ်ထားရှိသည့် စာစစ်ဌာန(၃)ခု၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ သမိုင်းဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနိုင်စေရန်အတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ပညာရေးဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ ဝင်များ၊ လူမူရေးအသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။
ဆီဆိုင်မြို့နယ်အတွင်း စာစစ်ဌာန(၃)ခုဖြစ်သည့် အ.ထ.က(ဆီဆိုင်)စာစစ်ဌာနတွင် ဖြေဆိုသူ(၂၂)ဦး၊ အ.ထ.က(ဆိုက်ခေါင်)စာစစ်ဌာနတွင် ဖြေဆိုသူ(၂)ဦး၊ အ.ထ.က(ဘန်းယဉ်) စာစစ်ဌာနတွင် ဖြေဆိုသူ(၁၂)ဦး၊ စုစုပေါင်း တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ်ကို ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ (၃၆)ဦးရှိပြီး ဖြေဆိုမှုရာခိုင်နှုန်းအားဖြင့်(၉၇.၃၀) ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မျိုးမြတ်(ဆီဆိုင်)