.မိုင်းငေါ့ မတ် ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနတွင် လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ခေါင်းစဉ်ဖြင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်(၉)အချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်သွယ်က လူငယ်လူရွယ်များ မှုးယစ်ဆေး ဝါးနှင့်ပက်သက်ပြီးရှောင်ကြဉ်ရမည့်အချက်များ၊ မှုးယစ်ဆေးဝါးများ၏ ဆိုးကျိုးအန္တရာယ်များကို သိရှိနိုင်စေရန်နှင့် လူငယ်များ၏ အသိပညာဗဟုသုတ၊ အတွေ့အကြုံနှင့်ကိုယ်ပိုင်ဆုံး ဖြတ်နိုင်စွမ်းအားများအချိန်နှင့်အမျှ တိုးတက်ရေးစာကောင်းပေမွန်များ ရွေးချယ်ဖတ်မှတ်ကြရန်လိုအပ်ကြောင်းနှင့် လူငယ်များ မူးယစ်သားကောင်ဘဝမရောက်စေရေးမှာ ပြည်သူတစ်ရပ်လုံး၏ အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်ကြောင်း ဟောပြောခဲ့ပါသည်။
ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ပြသထားသော မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် ရရှိလာသောဆိုးကျိုးများ၊ ဆေးလိပ်သောက်သုံးခြင်းကြောင့် ရရှိလာသော ဆိုးကျိုးများနှင့်ပတ်သက်သော အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြင့်သွယ်(မိုင်းငေါ့၊ ပြန်/ဆက်)