တာမွေမြို့နယ်တွင် (၇၈) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

တာမွေ မတ် ၁၆

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူလေးများအား (၇၈) နှစ်မြောက် တပ်မတော်နေ့ဖြစ်ပေါ်လာပုံ သမိုင်းအကြောင်းအရာများ၊ ရဲဘော်သုံးကျိပ်ဖြင့် စတင်ဖွဲ့စည်းခဲ့သော မြန်မာ့တပ်မတော်၏ သမိုင်းအစဉ်အလာ ကြီးမားပုံများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်စေပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈-ခုနှစ်) ကို ကာကွယ်စောင့်ရှောက်လျက် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုကြီး ပေါ်ထွန်းလာစေရေးအတွက် အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်နှင့်အတူ တိုင်းရင်းသားပြည်သူအားလုံးက ပူးပေါင်းပါဝင်ကူညီဆောင်ရွက်နိုင်စေရန်၊ နိုင်ငံတော်အစိုးရ၏ အမျိုးသားရေးလုပ်ငန်းစဉ်အဖြစ် အဓိကဆောင်ရွက်လျက်ရှိသည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားနပ်ရိက္ခာ ပေါများဖူလုံရေး လုပ်ငန်းစဉ်များတွင် တပ်မတော်နှင့်အတူ ကျရာအခန်းကဏ္ဍမှ တစ်တပ်တစ်အား တာဝန်ယူ ပူးပေါင်းဆောင်ရွက်နိုင်စေရန်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များတွင် တပ်မတော်နှင့်အတူ တိုင်းရင်းသားပြည်သူအားလုံးက လက်တွဲပူးပေါင်းဆောင်ရွက်နိုင်စေရန်၊ နိုင်ငံတော်၏အမျိုးသားအကျိုးစီးပွားနှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန် အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သော ခေတ်မီမျိုးချစ်တပ်မတော် တည်ဆောက်နိုင်ရေးအတွက် ပြည်သူအားလုံးက တစ်ထောင့်တစ်နေရာမှ ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ပေးနိုင်စေရန်ရည်ရွယ်၍ ယနေ့မွန်းတည့်အချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဌာနမှထုတ်ဝေသည့် ၂၀၂၃ ခုနှစ် မတ်လ (၂၇) ရက်နေ့တွင်ကျရောက်မည့် "(၇၈)နှစ်မြောက် တပ်မတော်နေ့" အထိမ်းအမှတ် အသိပညာပေး သတင်းစကားလက်ကမ်းစာစောင်များကို မြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပသည့် စာစစ်ဌာနကျောင်းများ၊ ကားမှတ်တိုင်များ၊ စျေးများ၊ ဘူတာများ၊ လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များနှင့် လမ်းဆုံလမ်းခွနေရာများ အပါအဝင် လူစည်ကားရာနေရာတို့တွင် ကျောင်းသား/သူများနှင့် ပြည်သူများထံ လက်ဝယ်အရောက် လိုက်လံဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါလက်ကမ်းစာစောင်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် အမှာစကားများ၊ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏မိန့်ခွန်းမှ ကောက်နုတ်ချက်များ၊ (၇၈) နှစ်မြောက်တပ်မတော်နေ့ ဦးတည်ချက်များ၊ မျိုးချစ်မြန်မာ့တပ်မတော်၏အား (၁၀) ပါး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ မိန့်ခွန်းပြောကြားချက်မှ ကောက်နုတ်ချက်များ၊ ၂၀၂၃-ခုနှစ် မတ်လ (၂၇) ရက်နေ့တွင် ကျရောက်မည့် "(၇၈)နှစ်မြောက် တပ်မတော်နေ့" အထိမ်းအမှတ် ဆောင်ပုဒ်၊ ဂုဏ်ပြုကဗျာနှင့် ကာတွန်းများကို စုံလင်စွာဖော်ပြထားကြောင်း သိရသည်။

နိုင်လင်းအောင်