အမ်း မတ် ၁၇
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အမ်းတပ်နယ်မှ မြို့နယ်အတွင်းရှိ ဒေသခံ တိုင်းရင်းသား ပြည်သူများစားသောက်ရေး အထောက်အကူဖြစ်စေရန်အတွက် အခြေခံစားသောက် ကုန်ပစ္စည်းနှင့်ဟင်းသီး/ဟင်းရွက်များအား သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ယမန်နေ့နံနက် ၈ နာရီအချိန်က အမှတ်(၃)စျေးရပ်ကွက်၌ ပြုလုပ်ခဲ့သည်။
အဆိုပါ အခြေခံစားကုန်နှင့်ဟင်းသီး/ဟင်းရွက်များအား သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးခြင်းကို အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများနှင့် ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှု့အားပေးခဲ့ကြသည်။
အဆိုပါ စားသောက်ကုန်နှင့်ဟင်းသီး/ဟင်းရွက်များအား အမ်းတပ်နယ်မှတာဝန်ရှိသူများက ဆန်၊ ဆီ၊ ဝတ်သား၊ ကြက်သား၊ ဒေသကြက်၊ ငါးမြစ် ချင်း၊ ငါးတန်၊ ငါးမုတ် ၊ ကြက်ဥ၊ နွားနို့၊ ပဲ၊ အမဲသားစည်သွတ်ဘူး၊ ကြက်အာလူး၊ ငါးတန်အချိုပေါင်း၊ မျှစ်၊စားတော်ပဲဘူး၊ ပဲထောပတ်ဘူး၊ ပဲခရမ်းချဉ်ဘူး၊ ငါးသလောက်ဘူး၊ သရက်သီးသနပ်ဘူး၊ ငါးပိကြော်၊ ကန်စွန်းရွက်၊ ချဉ်ပေါင် စသည့် အခြေခံစားသောက်ကုန်ပစ္စည်းများနှင့် ဒေသထွက်ဟင်းသီး/ဟင်းရွက်များကို သက်သာသောစျေးနှုန်းဖြင့် ပြည်သူများအား ရောင်ချပေးလျက်ရှိရာ စျေးဝယ်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
စိုးမင်းထွန်း(ပြန်/ဆက်)