လှိုင် မတ်လ ၁၇
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် (၇၈) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို မတ်လ ၁၅ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ် အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်းစာစစ်ဌာန၌ ဇီဝဗေဒဘာသာရပ်ဖြေဆိုပြီးချိန်တွင် ကျောင်းသား၊ ကျောင်းသူများအား သွားရောက်ဖြန့်ဝေပေးခဲ့သည်။
လက်ကမ်းစာစောင်ဖြန့်ဝေရာတွင် လှိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဖြန့်ဝေပေးခြင်းဖြစ်ရာ အဆိုပါ လက်ကမ်းစာစောင်တွင် (၇၈) နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ တပ်မတော်၏အား (၁ဝ) ပါး၊ ပြည်သူချစ်သောတပ်မတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် (၇၇) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပြောကြားခဲ့သည့် မိန်းခွန်းကောက်နုတ်ချက်နှင့် ၁၉၄၇ ခုနှစ်ဇူလိုင်လ ၁၃ ရက်နေ့ မြို့တော်ခန်းမတွင် ကျင်းပသည့် ပြည်သူ့အစည်းအဝေး၌ ဗိုလ်ချုပ်အောင်ဆန်းပြောကြားခဲ့သည့် မိန့်ခွန်းကောက်နှုတ်ချက်များ၊ ကဗျာ၊ ကာတွန်း စသည်တို့ပါဝင်ကြောင်း သိရသည်။
ကျော်ရဲအောင်