ရမည်းသင်း မတ် ၁၇
(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် တူးကုန်းကျေးရွာတွင်း ကွန်ကရစ်လမ်းဖွင့်ပွဲကို မတ်လ ၁၇ ရက်နံနက် ၉ နာရီက အဆိုပါလမ်း မုခ်ဦးတည်နေရာ၌ ကျင်းပသည်။
အဆိုပါလမ်းဖွင့်ပွဲတွင် ရမည်းသင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးမြင့်ထွန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဦးစိုးမြင့်၊ ခရိုင် ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးဦးပြည့်စုံဦး၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးအောင်ခင်ဆင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်ရွှေသိန်းနှင့် မြို့နယ်ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဆန်းတို့က ကျေးရွာတွင်းကွန်ကရစ်လမ်းသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ကွန်းကရစ်လမ်းသစ်အား ကြည်ရှု့ခဲ့ကြသည်။
ထို့နောက် ဒေသခံ ကျေးလက်ပြည်သူများနှင့် တွေ့ဆုံရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းက ယနေ့ဖွင့်လှစ်သည့် ကျေးရွာတွင်း ကွန်ကရစ်လမ်းကို ဒေသခံကျေးလက်နေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး ကိစ္စရပ်များအသုံးပြု၍ အမြန်ဆုံး ဆက်သွယ်သွားလာနိုင်ကာ ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝများဖွံဖြိုးတိုးတက်စေမည်ဖြစ်ကြောင်း ရှင်းလင်း ပြောကြားပြီး ရမည်းသင်းမြို့နယ်ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးမှူးက လမ်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဒေသခံပြည်ဦးခင်စိုးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
အဆိုပါ လမ်းကို ရမည်းသင်းမြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၂-၂၀၂၃ ခု နှစ်၊ နိုင်ငံတော်ထောက်ပံ့ငွေကျပ်သိန်း (၁၀၀)၊ ကျေးရွာပြည်သူထည့်ဝင်ငွေ ကျပ် (၃၇)သိန်း၊ စုစုပေါင်း(၁၃၇)သိန်းဖြင့်ကွန်ကရစ်လမ်းအရှည်၁၁၂၈' ×၁၂'×၆" ဆောင်ရွက်ပြီး အိမ်ခြေ (၂၉၈ )အိမ်နှင့် လူဦးရေ (၆၄၇ ) ဦးတိုအား အကျိုးပြုစေမည်ဖြစ်ကြောင်း သတင်းရသည်။
ဇော်ဝင်းအောင်(ခရိုင်ပြန်/ဆက်)