ဇေယျာသီရိမြို့နယ်၌ အမျိုးသမီးများ၏ဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသမီးအသင်း(Women Club) ဆွေးနွေးပွဲကျင်းပ

ဇေယျာသီရိ မတ် ၁၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဖွဲ့စည်းထားသည့် အမျိုးသမီးအသင်း (Women Club) ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်းမြတ်မွန်က အမျိုးသမီးများ၏ဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အသိပညာဗဟု သုတမြင့်မားရန်၊ အမျိုးသမီးအခွင့်အရေးများ ကာကွယ်ပေးနိုင်ရေးနှင့်  လိုအပ်ချက်များကူညီ ဆောင်ရွက်ပေးရန် ရည် ရွယ်၍ အမျိုးသမီးအသင်း(Women Club)အဖြစ်ဖွဲ့စည်းကာ အမျိုးသမီးနှင့် ကလေးသူငယ်ဖွံ့ဖြိုးရေး ကိစ္စများဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုဆွေးနွေးပွဲတွင်လည်း လာမည့်နွေရာသီကျောင်းပိတ်ရက်များတွင် မိမိတို့ဌာနမှဖွင့်လှစ်မည့်သင်တန်းများ တက်ရောက်နိုင်ရေးအတွက် ယခုလိုဖိတ်ခေါ်၍ ဆွေးနွေးခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် တက်ရောက်လာသည့် အမျိုးသမီးငယ်များက ဖွင့်လှစ်သင်ကြားပေးမည့်သင်တန်းအခြေအနေများအား မေးမြန်းဆွေးနွေးရာ ဦးစီးအရာရှိက သိရှိလိုသည်များ ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)