ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ ရှေးဟောင်းအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ညောင်ဦး  မတ်  ၁၇

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံကမ္မာ့အမွေအနှစ်ဒေသရှိ ရှေးဟောင်းအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခြင်းကို မတ်လ ၁၆ ရက်၊ ယမန်နေ့ နံနက် ၈ နာရီခွဲ အချိန်ကစတင်ကာ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်ရှေး ဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)မှ တာဝန်ရှိသူများနှင့်အတူ လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ရှေးဟောင်းအဆောက်အအုံများ ကြိုတင်ကာ ကွယ်ပြင်ဆင်ခြင်း၊ မိုးရွာသွန်းမှုများခြင်းကြောင့် ပျက်စီးခြင်းများကို ပြန်လည်ပြုပြင်ထိန်း သိမ်းလျက်ရှိရာ ဘုရားအမှတ်(၁၀၆၃)၊ (၁၃၈၈)၊ (၇၇၁)ဓမ္မရံကြီးဘုရား၊ (၈၀၃)ပြဿဒ်ကြီးဘုရား၊ (၂၁၆၂)အာနန္ဒာအုတ်ကျောင်း၊ (၁၉၆၉)တောင်ဘီပိဋကတ်တိုက်၊ (၂၀၄၉)၊၂၁၄၄၊(၈၅)သိမ္မစည်းဘုရား၊ ဘုရားအမှတ်(၆၀၇) ပေါင်းရှင်းခြင်း၊ နံရံပန်းချီ အင်္ဂတေများကြံ့ခိုင်မှု ဆောင်ရွက်ခြင်း၊ တိုက်မနံရံများပြုပြင်ခြင်း၊ ဗုဒ္ဓရုပ်ပွားတော်များပြုပြင်ခြင်း၊ ပလ္လင်တော် အားမှန်ကာရံခြင်း၊ သံပန်းတံခါးတပ်ဆင်ခြင်း၊ အုတ်ပေါင်းကူးဖြင့်ထောက်ပံ့ခြင်း၊တံတိုင်း အဝင်မုဒ်ဦးအပေါ်ပိုင်းများ ပြင်ဆင်ထိန်းသိမ်းခြင်း၊ ပေါင်းကူးအုတ်များကို မူလအနေအထား ရောက်အောင် ပြန်လည်ပြုပြင်ခြင်းများ၊ ရေပိတ်လွှာလောင်းသည့်နေရာများ၊ အနားသတ်ကြားပိတ်ခြင်း၊ ဓာတုဗေဒနည်းဖြင့် ညောင်ပင်များဆေးထိုးသတ်ခြင်း လုပ်ငန်းပြီးစီးမှု အခြေအနေများကို ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် တာဝန်ရှိသူများ လိုက်လံစစ်ဆေးခဲ့ရာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ (ပုဂံရုံးခွဲ)မှ ဦးညီမွန်း (ဒုတိယညွှန်ကြားရေးမှူး)နှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည့် အင်ဂျင်နီယာတို့မှ မဆောင်ရွက်မီ မှတ်တမ်းဓာတ်ပုံများ၊ ဆောင်ရွက်ဆဲ မှတ်တမ်းပုံများ၊ ဆောင်ရွက်ပြီး မှတ်တမ်းဓာတ်ပုံများဖြင့် ရှင်းလင်းပြသပေးခဲ့ကြောင်း သိရသည်။

ဒီပါလင်း