ပုဏ္ဏားကျွန်း ၊ မတ် ၁၇
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်၊ သတင်းစကား လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများမှ ယနေ့၊ နေ့လယ်(၁၂)နာရီက အလယ်စုရပ်ကွက်ရှိ မြို့မအထက(ခွဲ)ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြသည်။
(၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)နေပြည်တော်မှ (အခမဲ့)ထုတ်ဝေပြီး၊ အဆိုပါ လက်ကမ်းစာစောင်တွင် ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်များ၊ (၇၈)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်(၄)ရပ်၊ တပ်မတော်အဆင့်ဆင့် ပြောင်းလဲဖွဲ့စည်းပုံ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္က နိုင်ငံတော်ဝန်ကြီးချုပ် ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်များ၊ ကဗျာ၊ ကာတွန်းနှင့် ဆောင်ပုဒ်များပါရှိသည့် လက်ကမ်းစာစောင်များကို ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)