ကွန်ဟိန်း မတ် ၁၇
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့်ကလေးငယ်များအား အာဟာရထောက်ပံ့ခြင်းကို ယနေ့နံနက် (၉း၀၀) အချိန်ခန့်ကစတင်၍ မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။
အဆိုပါ (ဆေး၊ ကြက်ဥ၊ မုန့်၊ ပဲနို့)အာဟာရထောက်ပံ့ခြင်းဆောင်ရွက်ရာတွင် အမျိုးသမီး ရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သက်သက်မွန်နှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ မိခင်နှင့်က လေးကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ကွန်ဟိန်း(ပြန်/ဆက်)