ခိုလမ်မြို့၊ မစ္စိယတ္တိ ဓမ္မပါလကျောင်း၌(၂၅)ကြိမ်မြောက် "ပရိယတ္တိ သဒ္ဓမ္မပါလ"ငွေရတုပွဲတော် အခမ်းအနားစည်ကားသိုက်မြိုက်စွာကျင်းပ

ခိုလမ် မတ် ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ မစ္စိယတ္တိ ဓမ္မပါလကျောင်း ၌(၂၅)ကြိမ်မြောက် "ပရိယတ္တိ သဒ္ဓမ္မပါလ"ငွေရတုပွဲတော် အခမ်းအနားကို ယနေ့နံနက် ၇ အချိန်က စည်ကားသိုက်မြိုက် စွာကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နမောတဿ (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကိုစတင်ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ခိုလမ်မြို့၊ သီရိမင်္ဂကျောင်း ဆရာတော်ဒေါက်တာ ပညာသီရိ၊ မိုးနဲမြို့ သာသနာ့ပါလကျောင်းဆရာတော် ဦးဂေါသလ၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်း၊ ခိုလမ်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မြင့်နှင့် ပွဲဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုင်း လောဝ်တို့မှ  ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ဖဲကြိုးဖြတ်နေစဉ်အတွင်း ဆရာတော်၊ သံဃာတော်များက 'ဇယန်တော'ဂါထာရွတ်ဆိုခြင်း၊ တက်ရောက်လာကြသောပရိသတ်များက လက်ခုပ် ဩဘာတီးခြင်း၊ ဗုံမောင်းများတီး၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ထို့နောက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်း၊ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ဇော်ဇော်နိုင်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်သန်းထွန်းအောင်နှင့် တပ်မတော်အရာရှိများက ငွေရတုစာပြန်ပွဲအထိမ်းအမှတ် ပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

နေလင်းထွန်း(ပြန်/ဆက်)