မုံးကိုးမြို့တွင် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူထံသို့ စာအုပ်များလက်ဝယ်အရောက် သွားရောက်ငှားရမ်းပေးခြင်းများဆောင်ရွက်

မုံးကိုး မတ် ၁

ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူထံသို့ စာအုပ်များလက်ဝယ်အရောက် သွားရောက်ငှားရမ်းပေးခြင်းကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မုံးကိုးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယမန်နေ့ နံနက်(၁၀)နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် စာဖတ်ပရိတ်သတ်များအတွက် အလွယ်တကူစာအုပ်ကိုဖတ်ရှုနိုင်ရန် စျေးအတွင်းသို့ ယခုအပတ်တွင် သုတ၊ ရသ စာအုပ်များကို ငှားရမ်းပေးခဲ့သည်။ ထိုသို့ငှားရမ်းပေးရခြင်းမှာ စာပေတန်ဖိုးကို ချစ်မြတ်နိုးတတ်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများ အကြောင်းကို သိရှိစေရန်ရည်ရွယ်၍ သွားရောက် ငှားရမ်းပေးခြင်းဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ စျေးအတွင်းရှိ ကလေးလူငယ်လူကြီးမရွေးစာပေးဖတ်ရှူနိုင်ရန်အတွက် သွားရောက် သောအခါ စျေးသူစျေးသားများကဝမ်းမြောက်စွာလက်ခံပြီး နောက်အပတ်များတွင် လည်လာရောက်နိုင်ရန် ဖိတ်ခေါ်ကြောင်းကို ပါသိရှိခဲ့ရပါသည်။ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်များငှားရမ်းပေးခြင်းကို မုံးကိုးမြို့ ပြန်/ဆက် ဝန်ထမ်းများကအပတ်စဉ် စျေးနှင့်ရက်ကွက်များသို့ အလှည့်ကျ သွားရောက် ငှားရမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မေစံပယ်ဖူး(မုံးကိုး)