အမ်း မတ် ၁၇
ရခိုင်ပြည်နယ်၊ အမ်း ခရိုင်၊ အမ်းမြို့ နယ် လူထုအခြေပြုဗဟိုဌာန Community Centre တွင် အနာဂတ်မျိုးဆက်သစ်လူငယ်များအသိပညာပေး နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲနှင့် စာဖတ်ရှိန် မြှင့်တင်ရေးဆောင်ရွက်ခြင်းကို ယမန်နေ့ ညနေ အချိန်ကကျင်းပခဲ့သည်။
လူငယ်အသိပညာပေး စာဖတ်ရှိန် မြှင့်တင်ရေးဆောင်ရွက်မှုကို ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစန်းဝင်းက အနာဂတ် နိုင်ငံတာဝန် များကို ထမ်းဆောင်ရမည့် မျိုးဆက်သစ်ကျောင်းသား၊ကျောင်းသူ လူငယ်များ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ တို့ဖွံ့ဖြိုးစေရန်၊ အသိပညာဗဟုသုတများရရှိစေရန်အချင်း ချင်းချစ်ခင်မှုရှိလာစေရန်၊ ပူးပေါင်းပါဝင်ဆောင်ရွက်တတ်သောအလေ့အထများရှိလာစေရန်၊ မိမိတို့၏ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးပြုတတ်လာစေရန်၊ စာပေကို ချစ်မြတ်နိုးလာစေရန် စသည့် ရည်ရွယ်ချက်ဖြင့် ကျင်းပရခြင်းဖြစ်ပါသည်။ နွေရာသီကျောင်းပိတ်ရက်များအတွင်း လူငယ်များ အကျိုးရှိစေမည့် ပန်းချီသင်တန်းများ၊ အင်္ဂလိပ်စကားပြော အခြေခံသင်တန်းနှင့် အခြားအခြားလူငယ်အသိ ပညာပေး သင်တန်းများ ဆောင်ရွက် ပို့ချသွားမည်ဖြစ်၍ ယခုအချိန် သည်ပညာခေတ်ဖြစ်၍ မျိုးဆက်သစ် လူငယ်ဖြစ်တဲ့လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရန်၊ အသိပညာ ဗဟုသုတများ ရရှိစေရန် အတွက် ယခုလို နံရဲကပ်စာစောင်ပြပွဲ စာအုပ်စာစောင်ပြပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စိုးမင်းထွန်း(ပြန်/ဆက်)