လှည်းကူး အောက်တိုဘာ ၁
ကမ္ဘာ့နိုင်ငံများတွင်သာမက မြန်မာနိုင်ငံတွင်ပါ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မြင့်မားလာသဖြင့် ရန်ကုန် မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် နေ့စဉ် နံနက်(၉)နာရီမှ စတင်ကာ အသံချဲ့စက်များဖြင့် လိုက်လံနှိုးဆော်လျက်ရှိကြောင်း သိရ သည်။
ထိုသို့ လိုက်လံနှိုးဆော်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးငြှိမ်းသတ်ယာဉ်ဖြင့် လှည်းကူးမြို့နယ်အတွင်း လူစည် ကားရာနေရာများနှင့် ရပ်ကွက်/ကျေးရွာများ အတွင်းရှိ ပြည်သူများအား Stay at Home ကာလအတွင်း နေအိမ်တွင် နေထိုင်စေပြီး မဖြစ်မနေ ဈေးဝယ်ရန် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာပါက နှာခေါင်းစည်း(Mask)များ တပ်ဆင် စေရန်နှင့် လက်ဆေး Hand Gel များဖြင့် မကြာခဏ လက်များကို ဆေးကြောသန့်စင်စေရန်လိုအပ်ကြောင်း၊ Stay at Home ကာလအတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို လိုက်နာ ဆောင်ရွက်သွားရမည်ဖြစ်ပြီး လိုက်နာမှုမရှိပါက တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း နေ့စဉ်အသံချဲ့စက်များဖြင့် လိုက်လံနှိုးဆော်လျက်ရှိကြောင်း သိရသည်။
နိုင်လင်း(လှည်းကူး)