တောင်ကုတ် မတ် ၁၇
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၌ ၂၀၂၃ ခုနှစ်၊ မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အမှတ်(၄)၊ အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့နေ့လယ် ၁၂ နာရီအချိန်က ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှအခမဲ့ထုတ်ဝေခဲ့ခြင်းဖြစ်ပြီး ပြည်သူများ အသိပညာဗဟုသုတများ ရရှိစေမည့် ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်များ၊ (၇၈)နှစ်မြောက် တပ်မတော်နေ့ဦးတည်ချက်များ၊ တပ်မတော်အဆင့်ဆင့်ပြောင်းလဲဖွဲ့စည်းခဲ့ပုံ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်များ၊ ကဗျာ၊ ကာတွန်းနှင့် ဆောင်ပုဒ်များပါရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)