လူငယ်နှင့်အတာသင်္ကြန် အသိပညာပေး Talk Show ဆောင်ရွက်

သင်္ဃန်းကျွန်း  မတ် ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက်(၁၀)နာရီက လူငယ်နှင့်အတာသင်္ကြန်  အသိပညာပေးTalk Show ဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ Talk Show ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်မှ တန်ခူးလတွင် ကျင်းပသော မြန်မာ့ရိုးရာ အတာသင်္ကြန် ဖြစ်ပေါ်လာပုံကို ဆွေးနွေးခဲ့သည်။

ယင်းနောက် စာရေးဆရာမ မြမဉ္ဇူဝေ(ကျုံမငေး)မှ လူငယ်များသည်အတာသင်္ကြန် ကိုပါဝင်ဆင်နွဲရာတွင် ဆောင်ရွက်သင့်သည့်အချက်များ၊ ရှောင်ကြည်သင့်သည့်အချက်များ၊ မြန်မာ့ရိုးရာအတာသင်္ကြန်တွင် ယဉ်ကျေးမှုနှင့်အညီ ဆော့ကစားသင့်ပုံကုသိုလ်ကောင်းမှုများကိုလည်း ပြုလုပ်သင့်ပုံတို့ကို ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ အသိပညာပေး Talk Show ဆွေးနွေးပွဲများကို ရန်ကုန်အရှေ့ပိုင်းခရိုင် ပြည်သူ့စာကြည့်တိုက် Page တွင် လွှင့်တင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုဘုန်း(ပြန်/ ဆက်)