တောင်ကုတ်မြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကွင်းဆင်းဆောင်ရွက်

တောင်ကုတ်   မတ်လ ၁၆

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်စိုက်ပျိုး ထုတ်လုပ်မှုတိုးတက်မြင့်မားရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ နှင့် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီမှ ယနေ့နံနက်တွင် တောင်ကုတ်-သံတွဲ ကားလမ်း တစ်လျှောက်ရှိ ကျေးရွာများမှ ပြည်သူများနှင့် တွေ့ဆုံကာ စိုက်ပျိုးရေလုံလောက်စွာ ရရှိရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက်လိုအပ်ချက်များကို ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်တိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဝင်များက သက္ကယ်ပြင်၊ ညောင်ဖောက်၊ ကမ်းဒေးရွာများရှိ ကျေးလက်နေပြည်သူများနှင့် တွေ့ဆုံ၍ သီးထပ်၊ သီးညှပ် စိုက်ပျိုးနိုင်ရန်အတွက် လျှိုပိတ်ဆည်တည်ဆောက်နိုင်မည့် မြေနေရာနှင့် ဆိုလာစနစ်ဖြင့် ရေတင်စိုက်ပျိုးနိုင်မည့် နေရာများကို တောင်သူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)